ထောင်ဥပမာနဲ့စစ်သားအသိဉာဏ်

Ko Ko Wai Yan

April 16, 2021

လူရယ်လို ဖြစ်သည့်အချိန်ကနေစပြီ ငါတစ်နေ့လူမိုက်ဖြစ်ရမယ်၊ ငါတစ်နေ့ လူသတ်နိုင်ရမယ် ဟူ၍ လက်ခမောင်းခတ် မွေးဖွားလာကြသည်မဟုတ်ပါ။ အမျိုးမျိုးသော ပတ်ဝန်းကျင်တွေ ၊အပေါင်းအသင်းတွေကြောင့် လမ်းအမှားများကို လျှောက်မိနေကြသည်။ ဒီလိုလူတွေအတွက် ထောင်၊ အကျဥ်း၊ အချုပ် ဟူသောနေရာများ၌ ပြစ်ဒဏ်ကိုခံယူကြရသည်။ မြန်မာနိုင်ငံရဲ့ ထောင် တော်တော်များများဟာ ညှင်းပန်းနှိပ်စက်တာမှလွဲ၍ မကောင်းသော အကျင့်စာရိတ္တများကို ပြုပြင်မှုများမှာ အင်မတန်အားနဲပါသည်။ ထောင်အာဏာပိုင်များရဲ့ အကျင့်ပျက်ခြစားမှု များလဲ များစွာရှိပါသည်။ လူ့အခွင့်အရေးဆိုတာမပြောပါနဲ့တော့။ ထောင်အတွင်းမှ လူမိုက်များက သူတို့ရဲ့မိုက်ဂုဏ်ကို သတ်ခဲ့တဲ့လူအရေအတွက်နဲ့ တိုင်းတာလေ့ရှိကြသည်။ ဒီအကြောင်းတွေကိုတော့ ဆရာဇော်သက်ထွေးရေးတဲ့ အင်းစိန်ထောင်မှ လူမိုက်ကြီးများ စာအုပ်တွင် လေ့လာနိုင်ပါတယ်။ လူတစ်ယောက်ကို သတ်လို့ ထောင်ကျသွားတဲ့လူတစ်ယောက်က ၊ ပြန်လွတ်လာရင်တောင် လူသတ်ဖို့ဝန်မလေးတော့ပါဘူး။ သူကပြန်ထောင်ကျသွားလဲ ရာထူးတိုးနဲ့ဆိုတော့ ထောင်ကိုမကြောက်တော့ဘူး​လေ ။ ဒါမျိုးတွေက လူ့ပတ်ဝန်းကျင်မှာတော့ များစွာ အန္တရာယ်ရှိလာပါတယ်။ ဟိုတစ်လောက တပ်မတော်ထောက်ခံပွဲ ရန်ကုန်မြို့လည်ခေါင်မှာ ဖြစ်ပွာခဲ့တဲ့လူရမ်းကားတစ်စုဟာလဲ အင်းစိန်ထောင်မှ လူဆိုးလူမိုက်ရာဇဝင်ရှိကျသူများဖြစ်ပါတယ်။ ဦးကိုနီ လုပ်ကြံခံရမှု မှာလဲ ထောင်တွင်လူမိုက်တစ်ဦးဆိုတာ အားလုံးသိပြီးသားပါ။ အဲ့လိုပဲ ကိုယ်တွေမသိလိုက်တဲ့ နေရာတွေမှာ ဘယ်လိုတွေဖြစ်ပြီးပြီးလဲဆိုတာကို မသိရနိုင်ပါဘူး။ နိုင်ငံရေးလုပ်လို့ ထောင်ကျတာ မြန်မာနိုင်ငံပဲရှိပါတယ်။ ထို့အတူ လူသက်မှု သက်သေအထောက်အထားနဲ့မိတာကို အမိန့်မချနိုင်တာလဲ မြန်မာနိုင်ငံမှာပဲရှိမယ်ထင်ပါတယ်။ တစ်ကယ်တော့ အားလုံးကိုစဥ်းစားကြည့်လိုက်မယ်ဆိုရင် မကောင်းမှုဒုစရိုက် အားလုံးရဲ့တစ်စိတ် တစ်ဒေသဟာ ထောင်အတွင်းမှအစပြုပါတယ်။ နိုင်ငံရေးသမားကအစ ကြေးစားလူသတ်သမားကအဆုံးထိ ထောင်တွေထဲမှာရှိကျတယ်။ အဲ့ထဲမှာရှိတဲ့ ပတ်ဝန်းကျင်ဟာ စည်းကမ်းတင်းကျပ်လွန်းမှဖြစ်တယ်ဆိုတာ လူတိုင်းနားလည်သဘောပေါက်မှာပါ။ ယနေ့ခတ်အခါမှာတော့ အဂ်လိပ် လက်ထက်က ရေးဆွဲခဲ့တဲ့ အကျဥ်းထောင်လက်စွဲ ဥပဒေနဲ့ ပြည့်စုံလုံလောက်မှုမရှိတော့ပါ။ ခတ်နဲ့ စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲရေးဆွဲဖို့ လိုအပ်လာပါပြီ။ ထောင်တွေထဲကလူမိုက်တွေကို ဥပမာယူပြီး ​အရေးအခင်းကာလမှာ ပြည်သူတွေကို လူမဆန်စွာပြုမှုဆောင်ရွက်မှုတွေဟာလဲ ဥပဒေမဲ့လုပ်ရပ် တစ်ခုလိုပါပဲ။ လူဆိုးလူမိုက်တွေကို ထိန်းသိမ်းထားတဲ့နေရာမှာ ဥပဒေမရှိခဲ့တော့ ပြည်သူလူထူကိုလဲ ရာဇဝတ်သားနဲ့တန်းတူ သဘောထားဆောင်ရွက်မှူတွေဖြစ်ကုန်တာပါပဲ။ ဘယ်အထက်လူကြီကမှ မင်းတို့လေးခွနဲ့ မှန်တွေရိုက်ခွဲခဲ့ပါ၊ ဆိုင်ကယ်တွေကို မြောင်းထဲကန်ထည့်ခဲ့ပါ၊ ကိုယ်ဝန်ဆောင်မိခင်ကိုလက်သီးနဲ့ထိုးခဲ့ပါလို့ အမိန့်မပေးပါဘူး။ တစ်ဦးချင်းစီရဲ့ ဉာဏ်ရေနဲ့ ကွာသွားတာပါ။ ဒါကိုပြည်သူလူထုက ကောင်းကောင်းကြီးနားလည်သဘောပေါက်ပါတယ်။ ဥပဒေမဲ့ရင်တော့ ပြည်သူက သူပုန် လို့သတ်မှတ်လိုက်တာ မဆန်းပါဘူး။