ငယ်ဘဝ...!

Ko Ko Wai Yan

April 16, 2021

မနေ့ညက Internet 12:54 AM မှာ ပိတ်သွားတော့ အလုပ်ကလဲပြီးသွားပြီ၊ Download လုပ်ထားတဲ့ ကုလားကားတွေလဲ ကြည့်ချင်စိတ်မရှိတာနဲ့ ငယ်ငယ်က ကို့အကြောင်းတွေ ကိုယ်ပြန်တွေးမိတယ်။ ငယ်ငယ်တုန်းက ကျွန်တော် အရမ်းဆော့တယ်။ သူငယ်ချင်းဆိုလို့လဲများများမရှိသေးဘူး အိမ်ထဲမှာပဲအရုပ်တွေနဲ့ပေါ့။ Bowling ပြစ်တယ်၊ LEGOပုံစံ အရုပ်တွေဆက်တယ်၊ စစ်သားရုပ်တွေ၊ သံစက်ရုပ်တွေ၊ မြေသယ်ကား၊ ဝက်ဝံရုပ် သေးသေးလေးတွေ၊ လေယာဥ်၊ ကော်သေနတ်၊ အဖေ့ရုံးသုံးပစ္စည်းတွေရောပဲ အားလုံးပဲ အကုန်ကစားတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့အသက်က ၅ နှစ် ဝန်းကျင်ခန့်ရှိပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်မူကြို တက်နေရပြီဗျ။ မူကြိုအတူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေလဲ အခုဒီ Account ထဲမှာ ရှိတယ်။ သူတို့လဲ ကျန်းကျန်းမာမာ ရှိတာတွေ့ရတော့ဝမ်းသာပါတယ်။ အများစုံး ကစားဖြစ်တာက စစ်တိုက်တာပဲ။ စစ်တိုက်တာဆိုလို့ တစ်ယောက်ထဲပြေးလွှားပြီ ကစားတာမဟုတ်ပါဘူး၊ စစ်သားရုပ်တွေကိုထောင်ပြီးတော့ကစားတာပါ။ ဘာလို့စစ်တိုက်တာကိုကစားရလဲဆိုတော့ သူက အရုပ်တွေအကုန်ထဲ့ပြီး ကစားလို့ရတယ်ဗျ။ ထောင်လို့မရတဲ့စစ်သားရုပ်ဆို သေခိုင်းတယ်၊ ဘီးမပါတဲ့ကားဆို ရှေ့က ကာပြီးရပ်ထားလို့ရတယ်၊ ဝက်ဝံရုပ်တွေ သံစက်ရုပ်တွေကတော့ ဟိုးနောက်ဆုံးမှာ ကလေးလိုဆိုရင်တော့ သူ့ကိုယ် လူဆိုးဗိုလ်ကြီးလို့ခေါ်တယ်။ မိန်းကလေးအရုပ်တွေကျတော့ စစ်သားတွေ ကယ်ရတဲ့ပုံစံပေါ့ဗျာ အစုံပါပဲ။ တစ်နေ့တစ်နေ့ စစ်မြေပြင်ဆိုတာ ကျွန်တော့အတွက်တော့ မရိုးရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ စစ်သားတွေက သေသေပေးလာရတယ်။ ဘာလို့ဆို မိဘတွေ မမြင်ဘဲ တက်နင်းမိတာနဲ့ စစ်သားရုပ်တွေက ထောင်လို့မရတော့ဘူးဗျ။ ဒါကတော့ တစ်ယောက်ထဲကစားတဲ့အရွယ်ပေါ့။ အဲ့ဒါနဲ့ နဲနဲ လေးအရွယ်ရောက် ၁တန်း၊ ၂တန်းလောက်ဖြစ်မယ်။ ကစားနည်း တော်တော်များများကစားတက်နေပြီ၊ သူငယ်ချင်းတွေလဲရှိနေပြီ။ ဂျင်ပေါက်၊ ပေသီးပြစ် ကအစ ဇယ်တောက်၊ ကြိုးခုံ ကအဆုံး ဆော့တက်တယ်။ ဘော်လုံးကတော့ရပ်ကွက် ချံပီယံ။ ကစားရင် ကျား/မ လုံးဝမခွဲဘူး။ အရုပ်တွေဆိုရင် Remote Care တွေနဲ့၊ သေနတ်တွေကို ကြိုက်လာတယ်။ ကြီးလာရင်စစ်သားဖြစ်ရမယ် ဆိုတဲ့စိတ်ကတော့လုံးဝမရှိပါဘူး။ မှတ်မှတ်ရရ ငယ်ငယ်က ရန်ကုန်ကလာတဲ့ အဖွားက သေနတ် တစ်လက် ကျွန်တော့အတွက်ဝယ်လာတယ်။ သူက နှိပ်လိုက်ရင် မီးလင်းတယ်၊ ကျည်ဆံထွက်တာကို အသံထွက်ပေးတယ်။ဖောင်းဖောင်း ဒိုင်းဒိုင်းနဲ့ပေါ့။ နာရီစင် ဓာတ်ခဲ နှစ်လုံးထည့်ရတယ် ဓာတ်ခဲ ၂ကဒ် တစ်ခါထဲဝယ်လာတယ်။ ၁လ လောက်တော့ မိဘတွေ တော်တော်နားငြီးသွားမယ်ထင်တယ်။ ကျွန်တော်အဲ့ဒါကို တော်တော်လေး သဘောကျမိတယ်။ အရောင်က ငွေရောင်။ ပါဝါရိန်းဂျား သေနတ်လို့ လွယ်လွယ်ပဲခေါ်လိုက်တယ်။ အဲ့ဒါကျွန်တော် မှတ်မိတဲ့ ပထမဦးဆုံး သေနတ်ဖြစ်မယ်။ နောက် အသက်လေးနဲနဲထပ်ကြီးလာတော့ AK47၊ ဂျောက်ဂျက်၊ စနိုက်ပါ၊ ပြစ်စတို စတာတွေအကုန် ကစားတော့တာပါပဲ။ ကျည်ဆံထုပ်ကတော့အသိမ်းခံရတာပေါ့။ စစ်တိုက်တန်းကစားတာ မြင်တော့ အဖေက အမေ့ကို မင်းသားတော့သွားပါပြီကွာဆို ရွှတ်နောက်နောက် ပြောလေ့ရှိတယ်။ အဲ့တုန်းက သေချာနားမလည်ခဲ့ဘူး၊ အခုတော့ အလုံးစုံသဘောပေါက်သွားပါပြီ။ တစ်နေ့တော့ ကျောင်းကိုဝန်ကြီးလာမယ်ဆိုလို့ ဆရာမတွေက နှုတ်ဆက်ပုံကိုသင်ပေးတယ်၊ နှုတ်လဲဆက်ခဲ့ရပါတယ်။ လက်အုပ်ချီပြီးတော့ပေါ့ "မဂ်လာပါ ဘဘဗိုလ်ချုပ်ကြီး" ။ နောက်တစ်ခါက လမ်း၃၀ ၆၈၆၉ကြား ဗဟိုအမျိုးသမီးဆေးရုံဖွင့်ပွဲ ကအပြန် ကားပေါ်ကနေ လက်ပြနှုတ်ဆက်တာမြင်ဘူးပါတယ်။ အဲ့ဒါ TV မင်းသားကြီး ဗိုလ်ချုပ်ခင်ညွှန့်ပါ။ ကိုတွေငယ်ငယ်က ကြည့်ရတဲ့ TV ကသတင်းတွေဟာ မှိုင်းသွင်းခံရတယ်ဆိုတာ အခုမှနားလည်လာတယ်။ နိုင်ငံခြားမှာ မြန်မာတွေကို မီးရှို့သတ်တဲ့ ဇာတ်ကားမျိုးတွေပြပြီး ပြည်ပကလုံးဝမကောင်းဘူးဆိုတဲ့ အထာတွေ။ "လှည့်လယ်ကြည့်ရှု့စစ်ဆေးပြီးလိုအပ်တာများကိုမှာကြားခဲ့ပါတယ်" ဆိုတဲ့စကား အခုထိတောင်အလွတ်ရနေပါသေးတယ်။ အခုခတ်မှာက အဲ့ဒါမျိုးကလေးတွေမရှိတော့ဘူး။ သေနတ်တွေကိုမြင်လိုက်တာနဲ့ ဒါလူသတ် တဲ့ဟာ။ စစ်သားကိုမြင်လိုက်တာနဲ့ ဝေးဝေးကရှောင်ထွက်သွားတော့မှာ။ ကိုတွေ Online မှာ မြင်တွေ့နေရသလိုပဲ ကလေးတွေလဲအကုန်သိနေကြပြီလေ။ အရင်ခတ်ကလိုမျိုး ဒီခတ်ကလေးတွေကို လှည့်လို့မရတော့ဘူး အကုန် စာတက်နေပြီ။