ခွဲခြားခံလိုက်ရတဲ့အမျိုးသားတွေ

Ko Ko Wai Yan

Jul 19, 2021

📮 ကောက်နုပ်ချက် - မိမိအတွေး

လူတွေရဲ့ခွဲခြားမှုတွေက ကမ္ဘာကြီးအတွက် အရမ်းစိုးရိမ်စရာကောင်းတယ်။ တိရိစ္ဆာန်တွေကို အမျိုးမျိုးခွဲတယ်၊ ဘာသာရေးတွေ အမျိုးမျိုးခွဲတယ်၊ လူမျိုးစုတွေ အမျိုးမျိုးခွဲတယ်၊ အသားအရောင်တွေခွဲတယ် ကမ္ဘာကြီးမှာခွဲခြားမှုတွေအပြည့်ပဲ။ နောက်ဆုံး လူလူချင်းတောင် အရပ်ပုတဲ့သူဆို ဟာ ပုလိုက်တာကွာ ငုံ့ကြည့်ရတယ်၊ အရပ်ရှည်တဲ့သူကျတော့ မင်ဟာက ဂလန့်ဂလားကြီး၊ ဝတဲ့သူကျတော့ သူကအရမ်းဝတယ် ရောဂါဖြစ်မှာ၊ အသားမဲတဲ့သူကျတော့ မဲလိုက်တာကွာ ကျီးကန်းကအဖေခေါ်ရလောက်တယ် အစရှိသဖြင့် အမျိုးမျိုးခွဲခြားမှုတွေနဲ့။

ယောက်ျား မိန်းမ ဆိုပြီး ရှိတဲ့အထဲမှာတောင် ခွဲခြားမှုတွေနဲ့ဗျာ။ ကျွန်တော်ကတော့ လူဆိုပြီးတစ်ခုထဲပဲမြင်တယ်။ နှစ်ဘက်လုံးမှာ အားနည်းချက် အားသာချက်တွေ ကိုယ်စီရှိကျတယ် အဲ့အတွက်လူလိုမြင်ပေးလိုက်ရုံနဲ့ပြည့်စုံ ပြီ။ ပြောရင်တော့ မဟာယောက်ျားဝါဒလိုဆိုမလာ ခတ်သစ်လူအဖွဲစည်းအမြင်လိုခေါ်မလားပဲ။ အမျိုးသား တွေက အမျိုးသမီးတွေထက် ခွန်အားကြီးတယ်လို အမြဲပုံသေတွက်နေတာကိုမကြိုက်တာ။ တနည်းအားဖြင့်အမျိုးသမီးတွေ အမြဲအားနည်းတယ်ဆိုတာကို လက်မခံနိုင်တာ ပေါ့။

လူတွေက ယောက်ျားတယောက်ကို ဆူးနဲ့ခိုင်းနိုင်းလေ့ရှိပြီ မိန်းမတစ်ယောက်ကို ဖတ်နဲ့ခိုင်းနှိင်းလေ့ရှိတယ်။ နှမချင်းပဲ ကိုယ်ချင်းစာခိုင်းတယ် မောင်ချင်း ကိုယ်ချင်းမစာနိုင်ဘူး အဖေချင်း ကိုယ်ချင်းမစာနိုင်ဘူး။ အခြေအနေတိုင်းကိုတော့ ဒီပေတံ တွေနဲ့ တိုင်းလိုမရဘူးဆိုတာပဲ။ အိမ်ထောင်ရေး ပြသနာတခုခုဖြစ်ပြီဆို လူတွေက ယောက်ျားလေးကို သံသယစိတ် ၈၀% ပါတဲ့အကြည့်တွေနဲ့ကြည့်မယ် ပြီးရင်တော့ မယုံသလိုမေးမယ်။ အကြောင်းကိုသိခဲ့ရင်တော့ မှားမှား မှန်မှန် အနဲဆုံးအပြောခံရမယ် မင်းကယောက်ျားလေးပဲကွာဆိုတဲ့ ခွဲခြားမှုနဲ့။ မိန်းကလေးကတော့ငိုရင်ငိုမယ် မဟုတ်ရင် သူ့ဘေးမှာ သူငယ်ချင်း သိုမဟုတ် အုပ်ထိန်းသူရှိနေမယ်။ ဒါမြန်မာကားထဲကအကွက်တွေပဲလေ မဟုတ်ဘူးလား။ Relationship တခုပြသနာဖြစ်လို Social Media မှာ ဖြေရှင်းခဲ့ရင်လဲ မိန်းကလေးက Post တင်မယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ဗျာ။ အဲ့ဒါကိုသူ့မိတ်ဆွေအပေါင်းသင်တွေတွေ့တော့ တဖက်ယောက်ျားလေးကိုဆဲမယ် ပြီးရင် အဲ့ Post ကိုဝိုင်း Share မယ်။ အဲ့မှာ ယောက်ျားလေးက ဖြေရှင်းမယ်။ မဟုတ်ပါဘူး အထင်လွဲတာပါ ဘာညာပေါ့။ အဲ့မှာ ပတ်ဝန်းကျင်ရဲ့ ခွဲခြားမှုကိုခံရပြီ ယောက်ျားကြီးတန်မဲ့ စကားကိုဘယ်လိုပြောလိုက်တာလဲ တဖက်မိန်းကလေး ဂုဏ်သိက္ခာတွေဘာတွေနဲ့ကိုင်တုပ်ပြီးတော့ ဝိုင်းဆဲ။ ဘာဖြေရှင်းမှုမှ မလုပ်ဘဲနေလိုက်ပြန်ရင်လဲ ကိုကဘဲသူပြောတာ ဟုတ်နေသလိုလို ဂုဏ်သိက္ခာမရှိတဲ့သူလိုလိုပေါ့ ဒါတွေကရှုပ်ပါတယ်။ ရပ်ကွက်ထဲမှာ အော်သလိုမျိုး "ကြားလိုမှကောင်းရဲ့လား အ ရပ်ကတိုရေ......"ဆိုတာမျိုးပေါ့လေ အရှက်ကွဲကျတာပဲရှိတယ်။ အကြံပေးချင်တာကတော့ Social Media ဆိုတာ ဘာပြသနာမှ ဖြေရှင်းလိုမကောင်းတဲ့ နေရာပဲ။

ပတ်ဝန်းကျင်ဆိုတာ ကာယကံရှင်တွေလောက် ဂဂဏဏ မသိနိုင်ဘူး ဒါပေမဲ့ ကာယကံရှင်တွေထက်ပိုပြီး ခံစားကျတယ်၊ တွေးကျတယ် တစ်နည်းအားဖြင့် အရူးတွေလိုပါပဲ အဲ့တော့ဝေးဝေးကရှောင်ပေါ့။ သူတိုက Online ပတ်ဝန်းကျင်ဆိုတော့ Ethics လဲရှိမှာမဟုတ်ဘူး။

အဲ့ဒီပတ်ဝန်းကျင်ဆိုလိုတခုပြောပြမယ်။ အမျိုးသမီးတယောက်က အမျိုးသား တယောက်ကို လူစည်တဲ့လမ်းမပေါ်မှာ ပါးတွေရိုက်မယ်၊ ဆံပင်တွေဆွဲမယ်၊ ကန်မယ်၊ တွန်းမယ် အဲ့ဒီအချိန် ပတ်ဝန်းကျင်က ရီနေမယ် တချို ဖုန်းထုပ်ပြီး ဓာတ်ပုံရိုက်မယ် တချိုကမသိမသာကြည့်နေမယ်။ဒါပေမဲ့ အမျိုးသမီးတယောက်ကို အမျိုးသားတယောက်က အဲ့လိုပုံစံမျိုး ပြုမှုနေမယ်ဆိုရင်တော့ ပတ်ဝန်းကျင်က အဲ့အမျိုးသားကို တားမယ် ဝင်ဆွဲမယ် တချိုဆို ဝိုင်းရိုက်လောက်မယ်။ ဒါပတ်ဝန်းကျင်ရဲ့ ခွဲခြားမှုပဲ။ ယောက်ျားတယောက်မှာလဲ သူနဲ့မျှတတဲ့ ပတ်ဝန်းကျင်ရဲ့ဂရုစိုက်မှုလိုအပ်တယ် မခွဲခြားပါနဲ့။ ဒါကို လူတိုင်းမေ့မေ့လျော့လျော့ပဲနေကျတယ်။

လူတွေရဲ့ခွဲခြားမှုကသိပ်ကြောက်ဖို့ကောင်းတယ် အဆိုးဆုံးက ပုံသေနည်းတွေထဲမှာနစ်နေတာပဲ။ လူတွေ ခွဲခြားနေသ၍ ဒီကမ္ဘာကြီးကဘယ်တော့မှ သာယာမှာမဟုတ်ဘူး။ ဘယ်ခွေးကမှ ငါကမင်းထက်လှတယ်လိုမခွဲခြားဘူး။ ဘယ်မြင်းကမှ ငါအမှီးက မင်းအမှီးထက်လှတယ်လိုမခွဲခြားဘူး။လူတွေရဲ့ခွဲခြားမှုကြောင့် နေ့စဥ်အနိစ္စဒူဝ ပြသနာတွေဟာ ဝရုန်သုန်းကာဖြစ်ကုန်တယ်။ အားလုံးဟာသတ္တဝါတွေပါ။ လူဖြစ်လာလို အားလုံးထက်အသိဉာဏ်ရှိရင် ဘယ်အရာမှ မခွဲခြားပါနဲ့။ ကိုယ်ကဘာလဲဆိုတာ သိအောင်လုပ်ပါ သူများကဘာလဲဆိုတာ အရမ်းစိတ်မဝင်စားနဲ့။ အားလုံးဟာ ခင်ဗျာတို့မသိနိုင်တဲ့ မျက်နှာဖုံးတွေကိုယ်စီနဲ့ဗျ။